မြန်မာပြည်ဘလော့ဂ်မှရိုက်ကူးထားသောဓါတ်ပုံလေးများကြည့်လိုလျှင် Click Here

Hands With Love (စာနာမှုနဲ့ဖေးကူပါ)




ကိုရီးယာနိုင်ငံ Ever Land Resort မှကိုယ်တိုင်ရိုက်ကူးထားသောပုံလေးများဖြစ်ပါသည် ၊






မျှော်လင့်နေသောအကြည့်တွေအတွက်

27.07.08 DVB MTV သီးလေးသီး Program 4 - Part 2

27.07.08 DVB MTV သီးလေးသီး Program 4 - Part 1

Burmese Song - CHIT SAN MAUNG

လိပ်ပြာလေး


လူတစ်ယောက်ဟာ လိပ်ပြာဖြစ်လာမယ့် ပိုးအိမ်လေးတစ်လုံးကို ကောက်ရခဲ့ပါတယ်။တစ်နေ့တော့ ပိုးအိမ်လေးမှာ အပေါက်သေးသေး လေးတစ်ခု ပေါ်လာ ပါတယ်။ပိုးအိမ်လေးကို ယူလာတဲ့လူလည်း အဲဒီအပေါက်လေးကနေ လိပ်ပြာလေးတိုးထွက်နေတာကို စိတ်ဝင်တစားနဲ့ နာရီပေါင်းများစွာ ထိုင်ကြည့်နေမိပါတယ်။ကြည့်နေတုန်းမှာပဲ လိပ်ပြာလေး အပေါက်ကနေ ဆက်မထွက်နိုင် ရှာတော့ဘဲရပ်သွားပါတယ်။ သူ့ကို ကြည့်ရတာ အစွမ်းကုန်ကြိုးစားခဲ့ပြီး အပေါက်ကနေဆက်ထွက်နိုင်စွမ်း မရှိတော့တဲ့ ပုံပါပဲ။
ထိုင်ကြည့်နေတဲ့လူလည်း လိပ်ပြာလေးကို ကူညီဖို့ဆုံးဖြတ်လိုက်ပြီးကတ်ကြေးနဲ့ ပိုးအိမ်လေးကို ညှပ်ပြီးခွဲပေးလိုက်ပါတယ်။ အဲဒီအခါမှာလိပ်ပြာလေး ပိုးအိမ်ထဲက အလွယ်တကူပဲ ထွက်လာပါတော့တယ်။ လိပ်ပြာလေးရဲ့ကိုယ်ခန္ဓာဟာ နုနယ်တင်းရင်းလွန်းနေပြီး အတောင်ပံလေးတွေဟာလည်းတုန်ရီချိနဲ့နေရှာပါတယ်။
လူလည်း လိပ်ပြာလေးရဲ့ကိုယ်ခန္ဓာ အချိန်တန်ရင် အနေတော်ကျုံ့သွားပြီးအတောင်ပံတွေကလည်း ကိုယ်ခန္ဓာကို ထိန်းနိုင်တဲ့အထိ ကြီးလာမယ့်အချိန်ကိုဆက်ပြီး စောင့်ကြည့်နေပါတယ်။ ဒါပေမယ့် တစ်ခုမှ ဖြစ်မလာခဲ့ပါဘူး။ဖြစ်မလာဘဲနဲ့ လိပ်ပြာလေးဟာ အဲဒီနုနယ်တင်းရင်းတဲ့ ကိုယ်ခန္ဓာလေးရယ်ချိနဲ့နဲ့ အတောင်ပံလေးရယ်နဲ့ပဲ အသက်ထက်ဆုံး နေသွားရရှာပါတယ်။ သူဘယ်တော့မှပျံနိုင်စွမ်း မရှိခဲ့ရှာပါဘူး။
လိပ်ပြာလေးကို ကြင်နာသနားတာကြောင့် ခပ်မြန်မြန်ကူညီလိုက်တဲ့လူနားမလည်ခဲ့တဲ့ အချက်က လိပ်ပြာလေးအပေါက်က တိုးထွက်နေစဉ်မှာ အားစိုက်ထုတ်လိုက်တိုင်း သူ့ကိုယ်ခန္ဓာထဲက ထွက်လာတဲ့ အရည်တွေဟာ အတောင်ပံတွေ ဆီကိုရောက်သွားကြပြီး အတောင်ပံတွေကို ပိုပြီးသန်စွမ်းလာစေပါတယ်။ ဒါကြောင့်ပိုးအိမ်ရဲ့အပေါက်က သေးသေးလေးဖြစ်နေရခြင်းနဲ့ အဲဒီအပေါက်သေးသေးလေးကတိုးထွက်နိုင်ဖို့ လိပ်ပြာလေးရဲ့ ရုန်းကန်အားစိုက်ရမှုတွေဟာ လိပ်ပြာလေးပိုးအိမ်ထဲက အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့အချိန်မှာ အဆင်သင့်ပျံသန်းနိုင်စွမ်းရှိတဲ့ အတောင်ပံတစ်စုံ ရဖို့အတွက်ပါပဲ။
တစ်ခါတစ်ရံမှာ ပင်ပင်ပန်းပန်း ရုန်းကန်ကြိုးစားရမှုတွေဟာ ဘ၀မှာလိုကိုလိုအပ်တဲ့အရာတွေပါ။ ဘ၀ကို အခက်အခဲမရှိဘဲ ဖြတ်သန်းသွားရတယ်ဆိုရင်ချိနဲ့အားနည်းသူတွေပဲ ဖြစ်သွားကြမှာပါ။ ကိုယ်တကယ် သန်စွမ်းသင့်သလောက်သန်စွမ်းလာမှာ မဟုတ်တော့ပါဘူး။ လိပ်ပြာလေးတွေ ဘယ်တော့မှပျံသန်းနိုင်စွမ်း မရှိတော့သလိုမျိုးပေါ့။

စာရေးသူ - ရွှေပြည်သူ ဘာသာပြန်စာစုများ

ကုလားအုတ်ဇာတ်လမ်း


တစ်နေ့မှာ ကုလားအုတ်လေးတစ်ကောင်က သူ့မိခင် ကုလားအုတ်မကြီးကို မေးပါတယ်။
ကုလားအုတ်လေး - မေမေ သားတို့ ကုလားအုတ် တွေမှာ ဘာလို့ဘို့တွေ ရှိတာလဲဟင်?
မိခင် - သားရယ် မေမေတို့က သဲကန္တာရမှာ ကျက်စားတဲ့ တိရိစ္ဆာန်တွေဆိုတော့ရေတွေ အများကြီး သိုလှောင်ထားဖို့ ဘို့တွေ လိုတာပေါ့။ ဒါကြောင့်မေမေတို့တွေ ကန္တာရထဲမှာ ရေမသောက်ရလည်းပဲ အသက်ဆက်ရှင်နိုင်တယ်လို့အားလုံးက သိကြတယ်လေ။
ကုလားအုတ်လေး - ဒါဆိုရင် သားတို့ခြေထောက်တွေက ဘာလို့ရှည်မျောမျောနဲ့ဖြစ်နေပြီး ခြေဖ၀ါးတွေက ၀ိုင်းဝိုင်းကြီးတွေ ဖြစ်နေတာလဲဟင်?
မိခင် - ဒီခြေထောက်တွေကလည်း သဲကန္တာရထဲမှာ သူများတွေထက် ပိုပြီးလမ်းကောင်းကောင်းလျှောက်နိုင်ဖို့ အတွက်ပေါ့ သားရဲ့။
ကုလားအုတ်လေး - ဟုတ်ကဲ့။ အဲဒါဆို သားတို့မျက်တောင်တွေကရောဘာလို့အရမ်းရှည်နေတာလဲဟင်။ တစ်ခါတစ်လေ မျက်စိကြည့်ရတာတောင် ရှုပ်တယ်။
မိခင် - အဲဒီမျက်တောင်ရှည်ရှည်လေးတွေက သားမျက်လုံးကို သဲကန္တာရထဲကလေပြင်းတွေ သဲတွေရဲ့ဒဏ်ကနေ ကာကွယ်ပေးထားတဲ့ အကာအကွယ်တွေပေါ့။
ကုလားအုတ်လေး - သြော် သားသိပြီ။ ဒါဆို သားတို့ရဲ့ဘို့က သဲကန္တာရထဲရှိနေတဲ့အချိန်မှာ ရေတွေသိုလှောင်ထားဖို့၊ ခြေထောက်တွေကလည်း သဲထဲမှာကောင်းကောင်းလျှောက်နိုင်ဖို့၊ မျက်တောင်တွေကလည်း သဲကန္တာရထဲကသဲတွေမျက်လုံးထဲမ၀င်အောင် ကာကွယ်ဖို့ပေါ့နော်။
မိခင် - ဒါပေါ့သားရဲ့
ကုလားအုတ်လေး - ဒါဆို သားတစ်ခုလောက် မေးချင်သေးတယ်။
မိခင် - ဘာများလဲသားရဲ့?
ကုလားအုတ်လေး - သားတို့ ဒီတိရိစ္ဆာန်ရုံထဲမှာ ဘာလာလုပ်နေတာလဲဟင်...?
မိခင် - ...........................................................
လူတစ်ယောက်ရဲ့ ""ကျွမ်းကျင်မှု၊ ဗဟုသုတ၊ စွမ်းရည် နဲ့ အတွေ့အကြုံ""ဆိုတာတွေက နေရာမှန်တစ်ခုကို ရောက်နေမှ တကယ်အသုံးကျတာပါ။ သင်ရော...အခုဘယ်မှာလဲ?

စာရေးသူ - ရွှေပြည်သူ
ဘာသာပြန်စာစုများ

ကမ္ဘာပေါ်တွင် ဆေးမတိုးတဲ့ တီဘီရောဂါပျံ့ နှံ့ နေ၊ မြန်မာနိုင်ငံ လူဦးရေရဲ့ (၄၀)%ရောဂါရှိနိုင်၊


ဆေးမတိုးတဲ့ တီဘီအဆုတ်နာ ရောဂါပျံ့ နှံ့ နေတဲ့နေရာတချို့ မှာ ပုံမှန်တီဘီရောဂါကုဆေးတွေနဲ့  ကုသမှုခံယူနေတဲ့ ဝေဒနာရှင်တွေရဲ့ရောဂါအခြေအနေပိုဆိုးတဲ့နှုန်းမြင့်တက်လာနေတယ်လို့ သုတေသနအသစ်တွေ့ ရှိချက်တရပ်ကဆိုပါတယ် ။

RFA

Thursday, April 3, 2008

2008 သင်္ကြန်


  အမိမြန်မာပြည်နဲ့ သင်္ကြန် ကိုတမ်းတနေရတာ (၁၀ )နှစ်ကျော်ခဲ့ပါပြီ ..
( ၂၀၀၈ )သင်္ကြန်ကိုတော့အမှတ်တရ သင်္ကြန်သီချင်းလေးတွေနဲ့ အတူ ဓါတ်ပုံလေးတစ်ပုံဖန်တီးပြီး
Blog သင်္ကြန်လေးကို လာရောက်လည်ပတ်တဲ့မိတ်ဆွေများနဲ့ အတူအလွမ်းပြေပွဲလေးဆင်နွဲကြ ...
ရအောင် .ဓါတ်ပုံကို သီးလေးသီးမှ ညီမငယ် တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့ တွင် ဖျော်ဖြေ စဉ်က
ကိုယ်တိုင်ရိုက်ကူးထားသောပုံဖြစ်ပါသည် .ညီမငယ်ခွင့်ပြုချက်မတောင်းပဲ Blog တွင် ဖေါ်ပြခဲ့သဖြင့်
တောင်းပန်ပါသည် ။

မြန်မာပြည်ဘလော့

No comments: